Saturday, May 25, 2013

DKBA စစ်ဒေသ၌ BGF နှင့် အစိုးရ တပ်များ စစ်ပြင်ဆင်နေ

DKBA မှ ဗိုလ်ချုပ် စောလားဖွယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့စဉ် DKBA မှ ဗိုလ်ချုပ် စောလားဖွယ် အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့စဉ် (ဓါတ်ပုံ DKBA)
ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့်အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့ပဋိပက္ခ ဖြစ်ပွားခဲ့သာ ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ ဒေသမှ မယ်တဝေါ စခန်း အနီးအနားသို့ BGF နှင့် အစိုးရ တပ်အင်အားများ တိုးချဲ့ ချထား နေသည်ဟု ကရင် ငြိမ်းချမ်းရေး ကောင်စီမှ စစ်ဗျူဟာမှူး တစ်ဦးက ဆိုပါသည်။  
အရင်က တပ်ရင်း () ရင်းဘဲ ရှိတယ်။ အခုတော့ အချိန်တို အတွင်းမှာဘဲ () ရင်း ဖြစ်သွားပြီး၊ တိုးလာတာက ပဋိပက္ခဖြစ်ပြီးမှ တိုးလာတာပါ။ ကျနော် တို့ စောင့်ကြည့်နေပါတယ်။ () ရက် () ရက်လောက်။ တိုးလာတဲ့ တပ်တွေထဲမှာ အစိုးရ တပ်လည်း ပါတယ်။ BGF တပ်လည်း ပါတယ်။ ကြည့်ရတာ ပြသနာကို ဖြေရှင်း ပေးမဲ့ပုံ မဟုတ်တော့ဘူး။ ပြသနာ ဖြစ်လာအောင် ဖန်တီးတယ်၊ ပြီးတော့ ဒီပြသနာကို အကြောင်းပြပြီး စစ်ဆင်လို့ ရအောင် လုပ်နေပုံ ပေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟပ်ကြီး ရေကာတာ လုံခြုံရေးအတွက် ဆိုပြီး ကျနော်တို့ကို ရှင်းပြီးရင် နေရာယူဖို့ ဖြစ်မယ်ဟု ဆိုပါသည်။
ဤသို့ကြောင့် အစိုးရ၏ တပ်အင်အား တိုးချဲ့ ချထားနေမှုကို DKBA မှ ဗိုလ်မှူးကြီး ကျော်သက်၊ ဗိုလ်မှူးကြီး ဗိုလ်ကျော်ဘိ နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး တိုက်ဂါးတို့က အနီးကပ် စောင့်ကြည့်နေပြီး အစိုးရ ဖက်က စစ်ဆင်လာပါက အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည်ဟု ဆိုပါသည်။
DKBA နှင့် BGF တပ်ဖွဲ့ တို့သည် ပြီးခဲ့တဲ့ ဧပြီလ (၂၇) ရက်နေ့တွင် လက်အောက်ခံ အောက်ခြေ တပ်ဖွဲ့ အချင်းချင်း မကြေနပ်မှုမှ စပြီး () ရက်ကြာ တိုက်ခိုက် ခဲ့ကြပါသည်။ ဤပြသနာကို ဖြေရှင်းရန် DKBA သည် ကရင်ပြည်နယ် နယ်စပ် လုံခြုံရေး အဖွဲ့နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်ကာ ဖြေရှင်း ခဲ့ပါသည်။ သို့သော် မပြေလည်သဖြင့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းထံ သွားရောက် ဖြေရှင်းခဲ့ပါသည်။
ဦးအောင်မင်းသည် ၄င်း၏ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ ဇော်ဦးတို့ အဖွဲ့ကို စေလွှတ်ပြီး ပြသနာဖြစ်ပွားပုံကို ဆွေးနွေး စေခဲ့ပါသည်။ http://www.phophtawnews.org/burmese/index.php/news/internal-news/item/290-dkba-bgf.html
ဤအချိန်မှ စပြီး ပြသနာ ဖြေရှင်းမည့် ဆွေးနွေးပွဲများ ရပ်တန့် နေခဲ့ပြီး နောက်ပိုင်းတွင် အစိုးရဖက်မှ စစ်အင်အား တိုးချဲ့ ချထား လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အစိုးရ တပ်များသည် DKBA နှင့် BGF တပ်များ ပြသနာ ဖြစ်ပွား လာသည်နှင့် တစ်ချိန်ထဲတွင် DKBA တပ်များ မြိုင်ကြီးငူ ဒေသမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးမှုလည်း ဆက်တိုက် ဖြစ်လာခဲ့ပါသည်။
ဤအခြေအနေကို ကြည့်ခြင်း အားဖြင့် အစိုးရ တပ်ဖွဲ့ များသည် ဤပြသနာ ဖြစ်လာစေရန် တမင် ဖန်တီး ခဲ့သလိုမျိုး ဖြစ်နေ ပါသည်။ ဖြစ်ခဲ့သည့် ပြသနာသည်လည်း အောက်ခြေ တပ်ဖွဲ့ အချင်းချင်းမှ ဖြစ်ပွားသော ကိုယ်ရေး ကိုယ်တာ ပြသနာ ဖြစ်ကြပြီး ဤပြသနာကို ဖြေရှင်းခြင်း မပြုဘဲ ပြသနာကို အကြောင်းပြချက် အဖြစ် ထားပြီး စစ်အင်အား တိုးချဲ့ လာခြင်းဖြစ်သည်ဟု DKBA ဖက်မှ မြင်ကြပါသည်။ ဤသည် အစိုးရ၏ တချက်ခုတ် နှစ်ချက်ပြတ် ပေါ်လစီ ဖြစ်သဖြင့် KNU ကိုလည်း စစ်ရေး အရ ထိမ်းချုပ်ပြီးသား ဖြစ်နေပေလိမ့်မည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/263-dkba-bgf.html
အကယ်၍ DKBA နှင့် အစိုးရတို့ တိုက်ခိုက်  လာခဲ့ပါက ကရင်  အမျိုးသား အစည်းအရုံး (KNU) မှ အစိုးရထံ တောင်းဆို ထားသော  အစိုးရ တပ်စခန်း ဆုတ်ခွာပေးရေး ကိစ္စသည်လည်း အလိုလို ပျက်ပြယ်ပြီးသား ဖြစ်သွားမည် ဖြစ်သည်ဟု မြင်နေကြပါသည်။ ထို့အပြင် ပြန့်ကျဲနေသော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများကို သွေးခွဲပြီး အပိုင်းလိုက် တိုက်ခိုက် လိုက်သွားခြင်း ဆိုသည့် နည်းပရိယာယ်လည်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ယူဆနေပါသည်။

KNU ဗိုလ်မှူးကြီး နဒါးမြ သြစီပါလီမန်မှာ တိုင်းရင်းသားအရေး ပြောမယ်

Saturday, May 25, 2013
ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြရဲ့ သားတဦးဖြစ်သူ ဗိုလ်မှူးကြီး နဒါးမြဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့အတူ သြစတေးလျ ပါလီမန်ကို တက်
ရောက်ကာ KNU ကိုယ်စား ဧည့်သည် တဦး အနေနဲ့ မေလ ၂၇ ရက်နေ့မှာ စကားပြောဖို့ ရှိတယ်လို့ သတင်းရပါတယ်။ 



ဗိုလ်မှူးကြီး နဒါးမြ ပြောမယ့် ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေး ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဒေသစံတော်ချိန် မနက်၈ နာရီကနေ ၉ နာရီထိ ၁ နာရီ ကြာဆွေးနွေး 
ပြောကြားမှာဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီး နဒါးမြကို သြစတေးလျ လွှတ်တော် အမတ် Luke Simpkins နဲ့ အနောက် သြစတေးလျက အထက်လွှတ်တော် အမတ် Dean တို့က တာဝန်ယူ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

KDHW နှင့် ပြည်ထောင်စု အဆင့် အစိုးရကျန်းမာရေး ဒုဝန်ကြီးတို့ ဇွန်လအတွင်း တွေ့ဆုံမည်

မေလ ၂၄ ရက၊် ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း ( ကေအိုင်စီ)
လာမည့် ဇွန်လ ၂၅ ရက်နေ့မတိုင်မှီ မြန်မာ အစိုးရ ပြည်ထောင်စုအဆင့် ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးနှင့် တွေ့ ဆုံရန်ရှိသည်ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)က ယနေ့ ပြောကြားလိုက်သည်။
“ပြည်ထောင်စုအဆင့် ကျန်းမာရေး ဒုဝန်ကြီးနဲ့ တွေ့ဖို့ရှိတယ်။ အဓိကတော့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာ ကျနော်တို့ လုပ်ဆောင်နေတာတွေကို အသိအမှတ်ပြုပေးဖို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု KDHW မှ တာဝန်ခံ စောအယ်ကလူရွှေဦးက ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက်ကျန်းမာရေးလုပ်သားများကို အသိအမှတ်ပြုပေးရေး၊ ကျန်းမာရေးအဆောက် အဦးများ တိုးချဲ့တည်ဆောက်ပေးရေး၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု လုပ်သားအရင်းအမြစ်နှင့် ဖွံ့ဖြိုးမှု စသည့် KDHW ၏ ယခင် ချမှတ်ထားသည့် ကျန်းမာရေးလမ်းစဉ်အချက် ၁၀ ချက်အပေါ် အခြေခံ၍ အစိုးရနှင့် ဆွေးနွေးသွားမည်ဟုလည်း စောအယ်ကလူရွှေဦးက ဆက်ပြောသည်။
ယခု မေလ ၂၃ ရက်နေ့က KDHW တာဝန်ခံ စောအယ်ကလူရွှေဦး ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ ဦးနှင့် ကရင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာဦးဝင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ဦးတို့သည် မြ၀တီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ နောက်ထပ်တစ်ကြိမ် ပြုလုပ်ပါက KDHW အနေဖြင့် ဒေါက်တာသိန်းသိန်းဌေးနှင့် တွေ့ဆုံရန် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
KDHW သည် ကရင်ပြည်နယ်ရှိ အစိုးရကျန်း မာရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ၂၀၁၂ စက်တင် ဘာလမှ စ၍ ၂၀၁၃ ခုနှစ်၊ မေလအထိ ၆ ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသော်လည်း ယခုထိ ထူးခြားသည့်ရလဒ်များ မရရှိခဲ့ခြင်း ဖြစ်သည်။
စောအယ်ကလူရွှေဦးက “ကျနော်တို့ တွေ့ဆုံကြတာ အခုထိ ဘာမှ ထူးခြားမှု မရှိသေးတဲ့အပေါ်မှာ ကေအဲန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖြစ်စဉ်ကနေတဆင့် ပြည်ထောင်စုဝန်ကြီအဆင့်ထိ တိုက်ရိုက်လုပ် ဆောင်မယ်ဆိုရင် ပိုပြီး မြန်ဆန်လာမယ်လို့ မျှော်လင့်တယ်”ဟု ဖြည့်စွက်ပြောဆိုသည်။
KDHW သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းကာ မြန်မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်သူများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို တစိုက်စိုက်မတ်မတ်လုပ်ဆောင် လာခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။
Thursday, May 23, 2013

ဒေါ်နန်းစေအွာကို လူမှု ထူးချွန်ဆုချီးမြှင့်

မေလ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာကို လူမှုထူးချွန်သူအဖြစ် ကရင်ရဟန်းတော် များအသင်းမှ ယမန်နေ့ မေလ ၂၂ရက်နေ့က လူမှုထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်လိုက်သည်။
“ကရင်ပြည်နယ်မှာ အသိမ်းပိုက်ခံရတဲ့ လယ်မြေကိစ္စတွေ၊ စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုကိစ္စ စတာတွေကို ဒေါ်နန်းစေ အွာက ပြည်သူလူထုနဲ့ နိုင်ငံတော်အစိုးရအကြားမှာ ကြားခံလူအဖြစ် ၀င်ရောက်ဖြေရှင်းပေးတဲ့နေရာမှာ သူက ထိပ်မှာ ရှိ တယ်။ သူ့ရဲ့လုပ်ဆောင်မှုအပေါ်ကြည့်ပြီး ဒီဆုကို ချီးမြှင့်တာဖြစ်တယ်”ဟု ကရင်ရဟန်းတော်များအသင်းမှ ဥက္ကဌဖြစ်သူ ဆရာတော် ဦးစန္ဒာဝရက ကေအိုင်စီသို့ မြွက်ကြားသည်။
ကရင်ရဟန်းတော်များအသင်းမှ စာပေရေးရာထူးချွန်သော သံဃာတော်များ၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာလုပ်ငန်း များလုပ်ဆောင်ရာတွင် ထူးချွန်သော ပုဂ္ဂိုလ်များအား ယခု ၂၀၁၃ခုနှစ်အတွက် သံဃာအပါအ၀င် လူပုဂ္ဂိုလ် (၇)ဦးကို ရွေး ချယ်ခဲ့ရာ ဒေါ်နန်းစေအွာလည်း ထိုသို့ ရွေးချယ်ခံရခြင်းဖြစ်သည်။
ယခု ပေးအပ်ခံရသည့် ဆုများတွင် ဆုအမျိုးအစား သုံးမျိုးသတ်မှတ်ခဲ့ရာ လူမှုထူးချွန်ဆုအဖြစ် ဒေါ်နန်းစေအွာနှင့် ကရင်နယ်ခြား စောင့်တပ်အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီး စောချစ်သူတို့က ရရှိခဲ့ခြင်းဖြစ်ပြီး စာပေထူးချွန်ဆုအဖြစ် ရဟန်းတော်၃ပါးနှင့် ယဉ်ကျေးမှုထူးချွန်ဆုအဖြစ် အမျိုးသား ၂ဦးတို့က ရရှိခဲ့သည်။
ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ငွေကြေးနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခနဲဒိုရွာရှိဘုန်းကြီးကျောင်း တိုက်တွင် ယမန်နေ့က ပြုလုပ်ကျင်းပသည့် ကရင်ရဟန်းတော်များအသင်း၏ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပေးအပ်ခဲ့သည်ဟု သိရသည်။
လူမှုထူးချွန်ဆုရရှိခဲ့သူ နန်းစေအွာက “ကျမအနေနဲ့ ဒီဆုနဲ့မတန်သေးဘူးပေါ့နော်။ ဒါပေမယ့် တတ်စွမ်းသလောက် လုပ်ဆောင်နေတာတွေကို အခုလို အသိအမှတ်ပြုပေးတဲ့အတွက်ဝမ်းသာတယ်။ နောက်ပြီး ကိုယ်လူထုတွေအတွက် ဒီထက်မက ဆက်ပြီး ကြိုးစားလုပ်ဆောင်သွားရမယ်ဆိုတဲ့ စိတ်မျိုးလည်းဖြစ်မိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ဆရာတော် ဦးစန္ဒာဝရက “ဆရာတော်တို့အနေနဲ့က ပူဇော်ထိုက်သူကိုပူဇော်ခြင်း၊ ချီးမြှင့်ထိုက်သူကို ချီးမြင့်ခြင်းဆိုတဲ့ ဘုရားရဲ့အဆုံးအမနဲ့အညီ ဒီအစဉ်အလာလေးကို ဆက်လက်ထိန်းသိမ်းချင်တာရယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်လည်း အတုယူနိုင်အောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်”ဟု မြွက်ကြားသည်။
ကရင်ရဟန်းတော်များအသင်းကို လွန်ခဲ့သည့် ၂၀၁၀ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်မှစ၍ စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာထူးချွန်ဆုများကို ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် လူမှုထူးချွန်ဆုကိုပါ ထပ်တိုးချီးမြှင့်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

နိပွန် ဖေါင်ဒေးရှင်း၏ အကူအညီ ပေါ်လစီ အစိုးရ ကန့်ကွက်

နိပွန် ဖေါင်ဒေးရှင်း၏ အကူအညီ ပေါ်လစီ အစိုးရ ကန့်ကွက် (ဓါတ်ပုံ အင်တာနက်)


မြန်မာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပေးလာသော နိုင်ငံတကာ အကူအညီများကို လက်ခံတော့မည် မဟုတ်ကြောင်း ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP ) က ဆုံးဖြတ် လိုက်သည်ဟု နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။  
“ ကျနော်တို့ ထိန်းချုပ် နယ်မြေ အတွင်းမှာ ရှိတဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ ကူညီမှုကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC က ပိတ်လိုက်တယ်။ သဘော ကတော့ တိုက်ရိုက် ပေးခွင့် မရှိဘူး။ အစိုးရက တဆင့်သာ ပေးရမယ် ဆိုတဲ့ သဘောထားပေါ့။ ဒီတော့ ဘာထူးမှာလဲ စစ်ပြေးတွေကို ကျနော်တို့ ဖန်တီးလို့ ဖြစ်လာတာမှ မဟုတ်တာ” ဟု ဆိုပါသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည် SSPP/SSA ဒေသရှိ စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီ ပေးရန် ဂျပန် အလှူရှင် နိပွန် ဖေါင်ဒေးရှင်း ကိုယ်စားလှယ်နှင့် အတူ SSPP အား သွားရောက် ဆွေးနွေး ခဲ့ပါသည်။
နိပွန် ဖေါင်ဒေးရှင်းသည် SSPP/SSA ဒေသရှိ စစ်ပြေး ဒုက္ခသည်များ အတွက် ဆန်အိတ် (၆၀၀၀) အကူအညီ ပေးရန် အစီအစဉ် ရှိပါသည်။ ဤသို့ကြောင့် ၄င်းဆန်အိတ်များ SSPP/SSA  ထံ တိုက်ရိုက် လွှဲအပ်ပေးပို့ခွင့် ပြုရန် နိပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ်က အဆိုပြု ခဲ့ပါသည်။ သို့သော် ယင်း အဆိုကို  ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ကိုယ်စားလှယ် နှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့က ပယ်ချခဲ့သည်။
ဤသို့ကြောင့် နိပွန် ဖေါင်ဒေးရှင်း ခရီးစဉ်နှင့် အတူ ပါလာသော ဆန်အိတ် တစ်ထောင်ကို ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ နယ်ရှိ စစ်ပြေး ဒုက္ခသည် များအား နိုင်ငံတော်က ပေးသည်ဟု ဆိုကာ SSPP/SSA ကိုယ်စားလှယ်များကို လွှဲပြောင်း ပေးခဲ့ပြီး ထိုဒုက္ခသည် စခန်းကိုလည်း ပိတ်ခိုင်း လိုက်ပါသည်။
ဤသည် နိုင်ငံတကာ အလှူရှင်မှ လက်နက်ကိုင် အဖွဲ့အစည်းများ (သို့မဟုတ်) ဒုက္ခသည်များအား တိုက်ရိုက် ပေးပို့ခွင့်ကို ပိတ်ပင် လိုက်သည့် မူအား အကောင်အထည် ဖေါ်လိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ အလှူရှင်များ အနေဖြင့် အကူအညီ ပေးလိုပါက အစိုးရမှ တဆင့်သာ ကူညီခွင့် ရှိကြောင်း အချက် ပြလိုက်ခြင်းပင် ဖြစ်ပါသည်။
ဤသို့သော အခြေအနေကြောင့် ပြီးခဲ့သည် မေလ ၁၈ ရက်နေ့တွင် ဂျပန် နိပွန် ဖေါင်ဒေးရှင်း အဖွဲ့ ဥက္ကဌ (ဆာဆာဂါဝါ) သည် ရှေ့ဆက် အကူအညီ ပေးရေးနှင့် ပါတ်သက်ပြီး သွေးစည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်များနှင့် လာရောက် ညှိနှိုင်း ခဲ့ကြပါသည်။
ယင်းညှိနှိုင်း ပွဲတွင်လည်း ဂျပန် နိပွန် ဖေါင်ဒေးရှင်း အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်များမှ တဆင့် ၄င်းတို့ ပေးနေသည့် အကူအညီများကို အစိုးရဘက်က ကန့်ကွက် ထားကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“သူပြော တာက NGO အကူအညီ အားလုံးကို MPC ကို အရင် ပေးရမယ် ပြောတယ်။ ဒီအကူအညီတွေကို MPC မှ တဆင့် ပြန်လည် ဖြန့်ဖြူးသွားမယ်။ သူလက်တွေ့ ဥပမာ တစ်ခု ပြောသွားတာက ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က အစိုးရ ကိုယ်စားလှယ် အဖွဲ့ရယ်၊ နိပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ်ရယ်၊ ကျနော်တို့ SSPP/SSA ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် ရင်ဆိုင် ခဲ့ရတဲ့ ရလာဒ် အကြောင်းတွေ ပါဝင်တယ်။” ဟု ဆိုပါသည်။
ဂျပန် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌသည် ပြောင်းလဲ လာသော အစိုးရ သဘောထား အပေါ် UNFC အဖွဲ့ဝင်များ၏ သဘောထား များကို သိရှိရန် လာရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဤသို့ကြောင့် UNFC သည် ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် အကူအညီ လက်ခံရေးနှင့် ပါတ်သက်ပြီး မူတစ်ရပ် ချမှတ်ထား ပြီးဖြစ်ပါသည်။  ယင်းမူကို UNFC ၏ (Project Proposal) ပြန်လည် ရေးဆွဲရေး အစည်းအဝေးမှ ချမှတ် ထားခြင်း ဖြစ်ကြောင်း ဂျပန် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ အား ပြန်လည် ရှင်းလင်း ခဲ့ပါသည်။
“ကျနော်တို့က အစိုးရကပေးမှ ရမယ့် အနေအထား ဆိုရင်တော့ အဲဒီ အကူအညီတွေကို လက်ခံမှာ မဟုတ်တော့ဘူး ဆိုတာ ချမှတ် လိုက်ပြီးလေ။ အဲဒါကြောင့် အခု နိပွန် ဖောင်ဒေးရှင်း ပေးတဲ့ အကူအညီတွေကို အစိုးရက တဆင့် ပေးမယ် ဆိုရင် လက်ခံတော့မှာ မဟုတ်တော့ဘူး။ ဒီလိုဘဲ ပြန်ပြော လိုက်တယ်။” ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌသည်လည်း UNFC အဖွဲ့၏ သဘောထားများကို ဂျပန် အစိုးရထံ ပြန်လည် တင်ပြ ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။
ဂျပန် အစိုးရသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများအား တွေ့ဆုံ ဆွေးနွေး၍ ငြိမ်းချမ်းစွာအဖြေရှာ နိုင်ရေး၊ ဆင်းရဲ မွဲတေမှု ပပျောက်ရေး၊ လူနေမှု ဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက် ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကကတိပြု ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။
ဂျပန် ၀န်ကြီးချုပ်၏ ဂတိသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ အထိ တိုကျိုမြို့သို့ ရောက်ရှိသော UNFC နှင့် အခြားတိုင်းရင်းသား အဖွဲ့များမှ ကိုယ်စားလှယ် ၂၃ ဦး တို့ကို ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။  
ထိုသို့သော ဂတိကြောင့် ပြီးခဲ့သည် မေလ ဆန်းပိုင်းက မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ် များက ရန်ကုန်မြို့ ပေါ်ရှိ ဂျပန် သံရုံးကို သွားရောက်ပြီး ကန့်ကွက် လိုက်ပါသည်။ ယင်းသို့ ကန့်ကွက် လိုက်သဖြင့် ဂျပန် သံရုံးသည် နိပွန်ဖေါင်ဒေးရှင်းထံ အကြောင်းကြား ခဲ့သည်ဟု နိပွန် ဥက္ကဌ က ဆိုပါသည်။

KIO မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်း ဖွင့်လှစ်တော့မည်


ဗန်းမော်ခရိုင် KIO မိုင်ဂျာယန် အထက်တန်းကျောင်း။
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်းဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
KIO မှ တိုက်ပွဲကြောင့် ထွက်ပြေးသိမ်းရှောင်နေသော ဒုက္ခသည်ကလေးများနှင့် KIO ထိန်းချုပ်နယ်မြေအတွင်း ၁၀ တန်းကျောင်း အောင်မြင်သူများအတွက် ရည်ရွယ်ပြီး ယခုနှစ်မှစကာ တက္ကသိုလ်ကျောင်းဖွင့်လှစ်သွားရန် ဗဟိုကော်မတီမှ အစည်းအဝေးပြုလုပ်နေကြောင်း KIO ပညာရေးဌာနမှ ဒု-အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ခွန်နောင် (Salang Kaba Hkun Nawng) ပြောသည်။
“ဒီနှစ် သြဂုတ်လလောက်မှာ စမယ်လို့တော့ လုပ်နေတယ်။ အတိအကျတော့ မသတ်မှတ်ရသေးဘူး။ ဒီနှစ်မဖြစ်ရင် နောက်နှစ်တော့ ဖြစ်မယ်။ မဖြစ်ရင်လဲ မရတော့ဘူး။ အခုက အစိုးရတက္ကသိုလ်ကိုလဲ သွားတက်လို့ မရတော့ဘူး ဆိုတော့ ကျနော်တို့ကိုယ် ကျနော်တို့ ဖွင့်ကို ဖွင့်ရတော့မဲ့ သဘောဖြစ်သွားတာပေါ့။ နေရာက ပိုသင့်တော်တဲ့ နေရာ လုံခြုံတဲ့နေရာမှာဖြစ်မယ်။ အခုတော့ အဲဒီမှာဆိုပြီး ပြောလို့မရသေးဘူး။ နေ့တိုင်းအစည်းအဝေးတော့ လုပ်နေတယ်။”
ယခုချိန် ကော်မတီမှ ကျောင်း၏ ပေါ်လစီများ၊ ဖွဲ့စည်းတည်ဆောက်ပုံများရေးဆွဲနေပြီး သင်ကြားမည့် ဆရာ/ ဆရာမ စုစည်းမှုများပြုလုပ်နေကာ ကျောင်းကိုဖွင့်လှစ်သင်ကြားသွားရင်း နိုင်ငံတကာ တက္ကသိုလ်ကျောင်း များနှင့် ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ဒုက္ခသည်ကလေးများပိုမို တိုးလာခြင်းကြောင့် စာသင်ကျောင်းဆောင်မလောက်သဖြင့် ဗဟိုဌာနချုပ် လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် IDP အထက်တန်းကျောင်းဆောင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယခုဖွင့်လှစ်မည့်ကျောင်းဆောင်ကို အလဲန့်ဘွမ် (Alen Bum) တွင်ရှိသော KIA တပ်စခန်းကို အသုံးပြုသွားမည်ဖြစ်ပြီး ၎င်းတွင်ဘော်ဒါဆောင်အဖြစ်နေရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ကျောင်းစရိတ်နှင့် အစားအသောက်အတွက် KIO မှ တာဝန်ယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူ KIA အရာရှိတစ်ဦးကပြောသည်။
“ကျောင်းသားတွေအားလုံးနေဖို့ စီစဉ်နေပြီ။ ဆရာ/ဆရာမတွေလဲ အကုန်လုံးအဲဒီမှာ နေရမှာဟုတ်တယ်။ စာသင်တဲ့အထဲမှာ အသက်မွေးဝမ်းကျောင်းပညာတွေလဲ သင်ကြားသွားမယ်။ အခုက ၈ တန်းရောက်ပြီးတဲ့ ကျောင်းသားတွေအားလုံးက ကိုယ့်အသက်မွေးဝမ်းကျောင်း တစ်ခုတတ်ကိုတတ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ဟုတ်တယ်။”
၎င်းတွင် တက်ရောက်မည့် ကျောင်းသူကျောင်းသား ၂၀၀၀ ကျော်ရှိပြီး သင်ကြားပေးမည့် ဆရာ/ဆရာမ ၁၃၀ ကျော်ဖြင့်သင်ကြားသွားမည်ဖြစ်ရာတွင် ဆရာ/ဆရာမများလည်း လိုအပ်နေသေးကြောင်း ဆလန်ကဘား ခွန်နောင်က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၂၆၇ ဦးရှိသည့်အထဲ မေလ ၁၅ ရက်နေ့ အောင်စာရင်းကြေညာရာတွင် ၁၂၃ ဦး အောင်မြင်ကြောင်း သိရသည်။